【中缅文】PDF部队正在对帕乌克和米昂地区的皮尤萨瓦迪村庄施加压力并发动攻击.မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်နယ်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက ဆက်တိုက်ထိုးစစ်ဆင် အသာစီးယူနေပြီး မကြာခင်လွတ်မြောက်နယ်မြေဖြစ်လာဖို့ မျှော်မှန်းတယ်လို့ ဒေသခံနိုင်ငံရေးသမားတွေက ပြောပါတယ်။当地政界人士表示,在马圭省皮亚昆县的帕乌克镇和米昂镇,当地防卫部队已连续发起进攻并占据上风,他们希望这些地区能很快成为解放区。ပခုက္ကူခရိုင်ထဲက စစ်ကောင်စီစစ်ကြောင်းတွေ၊ စခန်းတွေနဲ့ ပျူစောထီးရွာတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက မေလကုန်ပိုင်းကစပြီး ဖိအားပေးတိုက်ခိုက်ခဲ့တာပါ။自5月底以来,当地防卫部队一直在佩古省对军事委员会的巡逻队、营地以及皮尤萨蒂村的居民施加压力并发动袭击。မေ ၂၃ ရက်မှာ မြိုင်နယ်၊ သရက်ကန်ပျူစောထီးရွာကို ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပြီး ဇွန် ၄ ရက်မှာ ပေါက်နယ်၊ ကုက္ကိုစုပျူရွာနဲ့ ပေါက်နယ်၊ ရေပြာရဲစခန်းကိုပါ ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူခဲ့ပါတယ်။5月23日,当地防卫部队攻占了米昂镇的塔耶特·基安·普尤赛村;6月4日,他们又攻占了帕乌克镇, 当地防卫部队还攻占了基奥苏皮尤村和帕乌克镇警察局。အဲ့ဒီနောက်ပိုင်းမှာ ပခုက္ကူခရိုင်ထဲက ပေါက်၊ မြိုင်၊ ရေစကြို၊ ဆိပ်ဖြူ၊ ပခုက္ကူမြို့နယ်တွေမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။据当地防卫部队报告,自那时以来,马圭省的帕乌克、妙因、耶基、塞克比亚和帕乌克等镇区发生了一系列冲突,军方伤亡惨重。ဇွန် ၂၃ ရက်နေ့မှာ စစ်ကောင်စီရဲ့ Mi-17 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၁ စင်းကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့အထိ တော်လှန်ရေးအင်အားစုတွေဘက်က အသာစီးယူထားတာ ဖြစ်ပါတယ်။6月23日,革命力量已占据上风,甚至能够利用一架自杀式无人机袭击并摧毁了军政府的一架米-17军用运输直升机。မကွေးဒေသခံနိုင်ငံရေးသမားတယောက်က “ပေါက်နယ်က အားမကောင်းတဲ့ ပျူစောထီးရွာလေးတွေကတော့ လုံးလုံးရွာပျက်သွားတဲ့သဘောတွေလည်း တွေ့ခဲ့ရတယ်၊ ပျက်ပြီးတော့မှ သာမန်ပြည်သူတွေကတော့ နီးစပ်ရာ ဆွေမျိုးသားချင်းရှိတဲ့ရွာတွေကို သွားပေါင်းပြီးတော့မှ ပျူတွေကတော့ သူတို့ အားကောင်းတဲ့ပျူရွာကိုရွှေ့ပြီးတော့မှ အဲ့ဒီလို သွား တဲ့ရွာတွေလည်းရှိတယ်၊ မြိုင်နယ်မှာ ပျူစောထီးရွာ သရက်ကန်က အင်အားအကောင်းဆုံးလို့ ပြောလို့ရတယ်၊ အင်အားနည်းတဲ့ရွာ ၃ ရွာလောက်တော့ ကျန်သေးတယ်၊ ပေါက်နယ်မှာလည်း အဓိကအမာခံ ပျူစောထီးရွာ ၄ ရွာလောက်တော့ ကျန်သေးတယ်၊ ပေါက်မြို့နယ်မှာတော့ အတိုက်မခံရသေးတဲ့ အသိမ်းမခံရသေးတဲ့ ပျူစောထီးရွာတွေကတော့ တော်တော်လေးကို ကြောက်အားလန့်အားတွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့တော့ သတင်းတွေရတယ်၊ ပေါက်အနောက်ဘက်မှာရှိတဲ့ ကပစ ၂၄ ကနေလည်း ကာပစ်တွေပုံစံမျိုးနဲ့ ၁၀မိုင် ၁၅မိုင် အကွာအဝေးကရွာတွေကို လမ်းပြီးထုနေတယ်လို့ သိရတယ်ပေါ့၊ မြိုင်နယ်ရော ပေါက်နယ်ရော ပျူစောထီးရွာတွေ ရဲ့အခြေအနေကတော့ သူတို့ရဲ့စိတ်ဓာတ်ရေးရာအရရော လက်ရှိ မြေပြင်အနေအထားအရရော သူတို့ တော်တော်လေးကို အောက်ဆုံးကို ရောက်နေတယ်လို့ ပြောလို့ရပါတယ်။ မြေပြင်ရဲ့အနေအထားကလည်း တချို့သောပြဿနာလေးတွေရှိတာ သိရပေမဲ့ အဲဒီအခက်အခဲတွေကလည်း တော်လှန်ရေးစုဖွဲ့မှုကို ထိခိုက်တဲ့အဆင့်အထိ မရောက်ဘူးလို့ သုံးသပ်လို့ ရပါတယ်၊ သက်ဆိုင်ရာတာဝန်ရှိတဲ့ NUG ၊ MOD က ဇောင်းပေးပြီးတော့မှ ထောက်ပို့လုပ်ပေးမယ်ဆိုရင် ဒီဒေသက အမြန်ဆုံးလွတ်မြောက်လာတော့မယ်လို့တော့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။马圭地区的一位地方政界人士表示:“在帕乌克县,我们也看到一些防御能力较弱的缅族村庄被彻底摧毁, 这些村庄被摧毁后,普通民众前往有亲戚的附近村庄投靠,而笈族人则迁移到了他们更坚固的村庄。也有一些村庄采取了同样的做法。 在米昂镇区,塔基安(Thar Kyan)这个掸族村庄可以说是最坚固的;此外还有大约三个较弱的村庄依然存在。在帕乌克镇区,大约还有四个主要的掸族据点。 据报道,在帕乌克镇,尚未遭到袭击或被占领的皮尤萨迪村庄正怀着相当大的恐惧和忐忑进行着准备工作。 另有报道称,位于保克以西的KAPC第24部队正以一种“帽式”队形,向10至15英里外的村庄进行行军。 无论是从士气还是当前的实地情况来看,位于米昂镇和包克镇的皮尤萨迪村庄的局势,都可说是跌至历史最低点。 尽管实地情况存在一些小问题,但可以评估认为,这些困难尚未达到危及革命组织程度的水平。 “我们希望,如果相关部门——即全国团结政府(NUG)和国防部(MOD)——能够优先考虑并提供支持,该地区能尽快获得解放,”他表示。စစ်တပ်က မကွေးတိုင်းကနေတဆင့် ချင်းပြည်ဘက်ကို အင်အားသုံး ထိုးစစ်ဆင်ဖို့ ကြိုးစားတာကို အရှိန်လျှော့ချဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာကနေတဆင့် တစတစ အသာစီးယူနိုင်တဲ့အခြေအနေ ပိုကောင်းလာတာဖြစ်ပါတယ်။局势已有所好转,当地防卫部队通过拦截并打击军队试图经马圭省向钦邦发起大规模进攻的行动,逐渐占据上风。မကွေးဒေသတွင်းကာကွယ်ရေးအဖွဲ့တွေကို အာရက္ခတပ်တော် (AA) က ဗျူဟာရေးရာပံ့ပိုး မှုတွေရှိခဲ့ပြီး မကွေးဒေသတွင်း တိုက်ပွဲအရှိန်တွေအရ ချင်းပြည်ဘက်ကို အင်အားသုံးဖို့ ကြိုးစားတဲ့ စစ်တပ်တွေကို အတိုင်းအတာတခုအထိ ဖိအားပြန်ပေးနိုင်ခဲ့တာ တွေ့ရပါတယ်။阿拉干军向马圭省的国防部队提供战略支援 (AA)曾向马圭地区的防卫部队提供战略支援,据观察,随着当地战事日益激烈,这些防卫部队已能对试图向钦邦调遣部队的政府军施加一定程度的压力。လက်ရှိ စည်းလုံးမှုကိုထိန်းပြီး ရှေ့ဆက်စခန်းသိမ်းအစီအစဉ်တွေ ရှိလာဦးမယ်လို့ မကွေးဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေက သတင်းစကားပေးထားတာပါ။克韦地区的当地防卫组织表示,他们将保持目前的团结,并计划在近期继续推进并夺取营地。အညာမြေတပ်ပေါင်းစု ကိုဘိုဘိုသန့်ဇင်က “ကျနော်တို့ ဒီဘက်ဇုန်တွေရဲ့ အခြေအနေကတော့ တော်လှန်ရေးဘက်က အောင်ပွဲတွေ ဆင့်ကာဆင့်ကာ ရလာတာမျိုးတွေ၊ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ရေနံမြေမှော်ထဲဘက်မှာ ဂျွိုင်ရိုကော်ပတာတစီးကို ပစ်ခတ်နိုင်ခဲ့တာ၊ အဲဒါလည်း မြိုင်နယ်ထဲမှာ၊ အခု ဒီဒုတိယအကြိမ်ကလည်း မြိုင်နယ်ထဲမှာဆိုတော့ စစ်ရေးအရဗျူဟာမြောက် အောင်မြင်မှုတွေလည်း ရလာတယ်ပေါ့၊ ဒီအောင်မြင်မှုတွေ ရလာဖို့ကလည်း ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေဘက်မှာ ကြိုတင်ပြင်ဆင်ရတာတွေ၊ တဖွဲ့နဲ့တဖွဲ့ နားလည်မှုတွေ ချိတ်ဆက်ရတာတွေ၊ ဗျူဟာမြောက် အစီအစဉ်ရေးဆွဲရတာတွေ ဒါမျိုးတွေကလည်း အများကြီးစကားပြောပြီးတော့ ဒီအောင်မြင်မှုတွေကို တော်လှန်ရေးတပ်ဖွဲ့အသီးသီးနဲ့အတူ ပြည်သူတွေပါ ခူးဆွတ်ရိတ်သိမ်းနိုင်တယ်၊ စစ်ကောင်စီဘက်က သူတို့ရဲ့ဆုံးရှုံးသွားတဲ့ ပျူစောထီးရွာတွေ၊ နယ်မြေတွေကို သူတို့လည်း အလွယ်တကူတော့ လက်လွှတ်မဲ့ အခြေအနေမျိုးတော့ မရှိဘူးပေါ့၊ ရအောင်တော့ သူတို့ ထိုးစစ်တွေပြန်ပြီးတော့ ပြင်ဆင်နေတဲ့ပုံစံမျိုးတော့ တွေ့ရတယ်၊ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့”လို့ ပြောပါတယ်။北方联盟的科博·博博·廷津表示:“这些地区的局势表明,革命一方正接连取得胜利, 2025年底,我们在油田地区——当时是在妙英镇——成功击落了一架手柄式直升机;如今这第二架同样是在妙英镇被击落的,因此我们在军事战略上也取得了成功, 为了取得这些胜利,我们革命力量必须提前做好准备,并在各部队之间建立理解与联系, 战略规划等。为此进行了大量讨论,以便不仅各革命力量,而且人民也能从中获益。就军事委员会方面而言,他们已经失去了皮尤萨瓦迪等村庄, 他们不可能轻易放弃已失守的Phyu Saw Di村庄和领土,因此我们可以看到他们正在准备发动反击。我们将不得不密切关注他们,”他说。ပေါက်နဲ့ မြိုင်နယ်တွေမှာ စစ်တပ်က ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)တွေနဲ့ ပျူစောထီးရွာတွေကို ချိတ်ဆက်ပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားခဲ့တာပါ။在帕乌克和米昂地区,军方试图通过将国防装备工厂(KAP)与皮尤萨瓦迪村落联系起来,以巩固对该地区的控制。တော်လှန်ရေးအစောပိုင်းကာလကတည်းက မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်နယ်တွေကို စစ်ကောင်စီက ဖိအားပေး တိုက်ခိုက်ခဲ့ပေမဲ့ လက်ရှိအချိန်အထိ ဒေသကာကွယ်ရေးအဖွဲ့တွေက စနစ်တကျ ပြန်တုံ့ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။自革命初期以来,军事委员会一直对马圭省的皮区和迈因区施加压力并发动攻击,但迄今为止,当地防卫部队仍能有条不紊地予以反击。မကွေးတိုင်း၊ ပခုက္ကူခရိုင်ဟာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်နဲ့ နယ်မြေချင်း ထိစပ်နေတာဖြစ်တဲ့အတွက် စစ်အာဏာရှင်တပ်က အဆောတလျင် နယ်မြေထိန်းချုပ်နိုင်ဖို့ အလိုရှိနေတဲ့ဒေသလည်း ဖြစ်ပါတယ်။马圭省的皮吉亚库克县与曼德勒省的明甘县接壤,因此该地区是军政府急于迅速夺取控制权的地区。